Friday, March 16, 2012

အမြဲတမ်း(လွမ်းပိုင် feat စင်ဒီ)(သီချင်းစာသား)

Rap: အခန်းထဲမှာ တစ်ယောက်တည်းပဲ ငါမွန်းကြပ်လို့ ထွက်ပေါက်ကဘယ်နားမှာလဲ ရုန်းထွက်ဖို့ ဒီလိုမျိုးပဲ တစ်ယောက်တည်းပဲ အောင်မြင်လိုက် ကျရှုံးလိုက် ဘ၀ကိုလေ ငါတစ်ယောက်တည်းမေးခွန်းထုတ် ယုံကြည်ပါကွာ မင်းကလွဲပြီးအခြားတစ်ယောက်လဲ ငါမပြောင်းပါ စိတ်ချထား ဒီလိုပါကွာ မိန်းကလေးရယ် မင်းနဲ့တွေ့မှ အချစ်ကဘ၀တစ်ခုဖြစ်လာတာ အဆိုးထဲက အကောင်းပါပဲ ကောင်မလေး မင်းအချစ်ကြောင့် ပြောင်းလာတဲ့ ငါ့စိတ်က တစ်ချိန်ကလွှမ်းပိုင်နဲ့ တကယ်ပြောင်းပြန်ကွဲ အပိုအကြောင်းအရာမဲ့ လျှောက်မပြောပါတကယ် မင်းလေသာယုံမယ်ဆိုရင်ကွယ် ဆုတောင်းပါတယ် အမြဲတမ်းကြုံရင်လဲ ဘယ်လိုကြုံပစေ အဆိုးအကောင်းဒွန်လိုတွဲ မင်းနဲ့အတူ ပေါင်းဖက်ချင်နေဆဲပါ တကယ်ကိုလေ လိုအပ်ဆဲပါ ဘယ်တော့မှမပြောနဲ့ ဘယ်လိုပြတ်စဲမှာ လမ်းခွဲစကားကြောင့် ငါငိုတတ်ဆဲပါ အနမ်းမဲ့အလွမ်းတွေကိုမရင်ဆိုင်ရဲတာ အခုထိငါမရင့်ကျက်သေးပါဘူး နှလုံးသားရေးမှာ ချင့်ချိန်ငါမတွေးနိုင် သဘောထားတွေလဲ တကယ်ပါ သေးငယ်သူ ပတ်ဝန်းကျင်ပြောပြောလဲ ဂရုမစိုက်ဘူး


Bridge: မလိုချင်ပါ နင်နဲ့ငါနဲ့ကြား အမုန်းစကားတွေအား ဘယ်လိုအခက်အခဲတွေလာ ကာစီးပစေကွာ ဘာတွေမှမလိုအပ်ခဲ့ အခက်အခဲတွေ အတားအဆီးတွေ အကုန်ဖြတ်မယ့် မင်းပေးမယ့်အချစ်တွေနဲ့တစ်စုံလက်ပဲ ငါ့တွက်ကိုလိုတာပါ ယုံလိုက်အမြဲ နင်သာလေ ငါရဲ့အမှောင်တွေကို အလင်းပေးသူပါ နင့်ကြောင့်သာရရှိခဲ့တဲ့ ငါပျော်ရွှင်စရာများ ထာဝရအချစ်တွေပိုစေ သဒ္ဒါဝါကျတွေစီတွေး ငါရေးထားတဲ့ဒီတေးသွားနဲ့ အချစ်ဆုံးမင်းတွက်သီကြွေး




Cho: နင်လေအချိန်တွေကြာရင် မေ့သွားမလား(မမေ့ဘူး) နေချင်ပါတယ် နင်နဲ့မဝေး တစ်ဖ၀ါးမှ( ထပ်တူ ) လိုချင်ယူသွား မင်းလေးအတွက် အကုန်လုံး မညိုညင်ပါဘူး ပေးဆပ်ချင်လို့ ကံကြမ္မာကိုလေ မယုံနိုင်လို့ကြားလား ဒဏ်ရာတွေ နင်လေတစ်နေ့များမှာ ထားသွားမှာလား ဘယ်တော့မှဖြစ်နိုင်ဘူးကွာ မင်းနဲ့ လမ်းခွဲဖို့ ရှေးတိတ်ကဟောပြောခဲ့သလို မင်းကငါရဲ့လိုနေတဲ့တစ်ခြမ်းပဲမို့


(Yeah….Hmm….Yeah… Yeah….Hmh…Yeah….Yeah….)




V2: ထား ထား ထား ထား ထား ထား အကုန်ဝဲလိုက် အချစ်ကိုမလဲနိုင်ဘူး မင်းလေးသာငါရဲ့တပင်တိုင်အချစ်ဦး ယှဉ်မထားပါဘူး ထိပ်ထားသူတစ်ဦး မင်းလောက်ဘယ်အရာမှအရာမ၀င်သွားပါဘူး ၂၄နာရီနဲ့၇ရက် ဒီတစ်သက်မဟုတ်တောင်မှငါလေ ဒီတစ်ရက် မင်းနဲ့မခွဲချင်ပါ ဘယ်လိုဘာတွက်အကြောင်းပြချက်က တကယ်ကိုမလိုအပ်ခဲ့ ဘယ်လိုပဲခွဲခွဲ ပတ်ဝန်းကျင်မလိုတဲ့အစွဲနဲ့ ရှုပ်ချတဲ့စကားတွေကိုအမြဲပဲ ကြားရလည်း ခေါင်းထဲမထည့်နဲ့ ဒီစကားတွေက အကြောင်းအရင်းမဲ့တယ် ဆုံချိန်ခဏကောင်းခြင်းပဲကွယ် ပြောကျရင်းနဲ့ခေါင်းစီးမဲ့တဲ့ အလွမ်းတွေနဲ့သောင်းပြောင်းဖွဲ့နွဲ့




Rap 3: ခွဲခွာဖို့ ကိစ္စက လုံးဝမရှိ အခြားလူမသိတောင်မှ မင်းတော့သိ ငါ့ရင်ဘတ်ထဲကအတွင်းနက်နက်ထဲထိမင်းကရှိနေပြီးသားအမိ ဘာဖြစ်လို့ အပေါ်ယံအကြည့်နဲ့ ကြည့်လည်း ငါကမင်းကိုမချစ်ဘူးကြီးပဲအမြဲတမ်းဆို တကယ်ဆို မင်းအကြောင်းတွေးတိုင်း ပေါက်ကရတွေ ခေါင်းခဲလို ပတ်ဝန်းကျင်အနှောင်အဖွဲ့များနဲ့ကင်းပါတယ် ဒီအကြောင်းတွေ ခေါင်းထဲမတွေးပါနဲ့ စဉ်းစားလို့လျှောက်ပြီးလည်းမတင်းပါနဲ့ ငါ့ဘ၀မှာမင်းမှ မင်းပါပဲ မြုပ်ကွက်တွေ ကင်းရှင်းပါတယ် လုပ်ဇာတ်တွေ မခင်းကျင်းပါကွယ် ဘယ်လိုထပ်လို့ ရှင်းလင်းရမလဲ မင်းစိတ်ကြိုက် ရှင်းလင်းပါမယ် အမုန်းတွေထားခဲ့ အချစ်ရေးမှာအကြောင်း အကျိုးကံမလှလို့ အဆိုးမှန်သမျှကို တို့ကြုံရလဲ အနာဂတ်ကိုသာရှေးရှုတွေးမယ် ဘာတွေအတွက်မှ စိတ်ဓာတ်မကျနဲ့ ဘယ်လိုအသက်တွေအိုကာ ပြောင်းလဲပါစေ တို့နှစ်ယောက် အချစ်ဘယ်လိုမှ မပြောင်းလဲကြေး ယနေ့မှစ သေကာသွားတဲ့တစ်နေ့ထိ မပြောင်းလဲကြေး

No comments:

Post a Comment