Friday, March 16, 2012

သင်္ကြန်အိပ်မက်- လွှမ်းပိုင်+Bobby Soxer

စိတ်ကူးထားတဲ့ အိပ်မက်လေးတွေအကုန်ပျက်သွားပြီ နင်ပေးခဲ့တဲ့ကတိတွေကို နင်ဖျက်သွားပြီ
လွမ်းလိုက်တာ အို လွမ်းလိုက်တာ နင်မရှိတဲ့ သင်္ကြန်ရက်တွေ ပျင်းရိစရာ
အို ဘယ်လိုဖြေရမလဲ အားလုံးမေးရင် ဘယ်လိုနေရမလဲ ငါမင်းကိုလွမ်းရင်
ဘယ်လိုလဲကွာ ဘယ်လိုလဲ မင်းလေးပြောပါ ဘယ်လိုလဲ ငါမင်းလိုတစ်ကိုယ်တည်းမနေတတ်တာ အခက်ပဲ
အခုထိတမ်းတနေဆဲတစ်နေ့တော့မင်းပြန်လာဦးမှာ အားလုံးမြူးကြွနေလည်း ငါ့အတွက်အလွမ်းတွေမကုန်ဆုံးသွားပါ
အချစ်ရယ်မင်းကိုလွမ်းတယ် သင်္ကြန်ရက်လေးနင်ပြန်လာပါဆုတောင်းရင်း

အို..မင်းမရှိတဲ့လမ်းမထက်မှာ အို…မင်းမသိတဲ့အလွမ်းများတဲ့ငါ
အိုး…ပိတောက်ပွင့်တွေနဲ့အပေါင်းအသင်းရောင်းရင်းတွေနဲ့
အားလုံးရှိလို့နေလည်းနင်မပါတော့အလကားပဲ
အို..မင်းမရှိတဲ့လမ်းမထက်မှာ အို…မင်းမသိတဲ့အလွမ်းများတဲ့ငါ
အိုး…ပိတောက်ပွင့်တွေနဲ့အပေါင်းအသင်းရောင်းရင်းတွေနဲ့
အားလုံးရှိလို့နေလည်းနင်မပါတော့အလကားပဲ

အဖော်မပါပါတစ်ယောက်တည်းပဲ ကောင်မလေးရယ်မင်းပြန်လာမယ့်ရက်ကို စောင့်ဆဲအမြဲ
ဒီလိုနှစ်ယောက်တည်းတွဲ လျှောက်လည်မခွဲဘဲ စိတ်ကူးထားတဲ့အိပ်မက်တွေတောင်မက်ဆဲပဲ
ချစ်သူတွေချည်းပဲနေရာတိုင်းကြည့်လှည့် မင်းမရှိလို့လွမ်းနေမယ်ငါ့မှာတော့ချိနဲ့
သင်္ကြန်မိုးဖွဲရွာနေဆဲပါ စဉ်းစားကြည့်ပျော်စရာပဲကွာ ရေတွေစိုရွဲကာ လျှောက်လည်တာ မနားပါ
ကောင်မလေးရယ် မင်းရှိနေရင် အပျော်ဆုံးလူသားငါ တကယ်မုသားမပါ ကျိန်ဆိုဘုရားမှာ
မင်းမရှိရင် သင်္ကြန်ဆိုတာ ငါ့အတွက်အလကားပါ အဓိပ္ပါယ်များစွာ ကွယ်လွင့်သွားတာ
ပိတောက်မပွင့်တဲ့ သင်္ကြန်လိုပဲ အလှတရားမပါ တကယ်ခဏများသာ ပြန်လာနားကွာ
မင်းမရှိတော့ အရာရာ ငါ့အတွက် ပြဿဒါးပါ

အို..မင်းမရှိတဲ့လမ်းမထက်မှာ အို…မင်းမသိတဲ့အလွမ်းများတဲ့ငါ
အိုး…ပိတောက်ပွင့်တွေနဲ့အပေါင်းအသင်းရောင်းရင်းတွေနဲ့
အားလုံးရှိလို့နေလည်းနင်မပါတော့အလကားပဲ
အို..မင်းမရှိတဲ့လမ်းမထက်မှာ အို…မင်းမသိတဲ့အလွမ်းများတဲ့ငါ
အိုး…ပိတောက်ပွင့်တွေနဲ့အပေါင်းအသင်းရောင်းရင်းတွေနဲ့
အားလုံးရှိလို့နေလည်းနင်မပါတော့အလကားပဲ

သင်္ကြန်ရက်လေး မျှော်ကာတွေး ချစ်သူနဲ့ဆုံရမယ့် ပျော်စရာနေ့
ရော်ဝါတွေမြေပေါ်မှာကြွေ ဥသြငှက်လေးတောင်မှ အဖော်ရှာမတွေ့
April ရဲ့အနွေးဓာတ်ကြား ခံစားချက်တွေ အကုန်လုံးကလည်း အေးစက်သွား
အကြို၊ အကျ၊ အကြတ်၊ အတက် လေးရက်မှာ နေချင်တာပေါ့ ချစ်သူရဲ့ဘေးကပ်ကာ
ယုံကြည်မျှော်လင့်ထားတဲ့ သင်္ကြန်ရက်များ လျှောက်လည်ရင်းတွဲထားချင်တယ် ချစ်သူရဲ့လက်ဖ၀ါး
တဖြည်းဖြည်းနဲ့ချမ်းလာရင် ရင်ခွင်ထဲဖက်ထား ပျော်ရွှင်စွာဖြတ်သန်းမယ် ပိတောက်ပွင့်တဲ့ရက်များ
စိတ်ဆန္ဒပြင်းထန်စွာ ပြန်တွေ့မယ့်ရက်ကို မျှော်ရင်းတင်းခံလာ မလိမ်မညာ စိတ်အရင်းအမှန်ပါ
ဒါပေမယ့် ဘ၀ပေး အခြေအနေကို ငြင်းဆန်မရ လွမ်းလက်စ အကြွင်းအကျန်များ
သက်သေတည်နှလုံးသားက အရင်းခံပါ ပိတောက်ပွင့်နဲ့ သီချင်းသံကြား
တူတူဖြတ်သန်းကြရမှာပါ ဒီနှစ်သင်္ကြန်မှာ

အို..မင်းမရှိတဲ့လမ်းမထက်မှာ အို…မင်းမသိတဲ့အလွမ်းများတဲ့ငါ
အိုး…ပိတောက်ပွင့်တွေနဲ့အပေါင်းအသင်းရောင်းရင်းတွေနဲ့
အားလုံးရှိလို့နေလည်းနင်မပါတော့အလကားပဲ
အို..မင်းမရှိတဲ့လမ်းမထက်မှာ အို…မင်းမသိတဲ့အလွမ်းများတဲ့ငါ
အိုး…ပိတောက်ပွင့်တွေနဲ့အပေါင်းအသင်းရောင်းရင်းတွေနဲ့
အားလုံးရှိလို့နေလည်းနင်မပါတော့အလကားပဲ

အေးအေးအေး အလကားပဲ အေးအေးအေး အလကားပဲ အေးအေးအေး အလကားပဲ အိုနင်မပါတော့ အလကားပဲ

No comments:

Post a Comment