<iframe width="560" height="315" src="http://www.youtube.com/embed/nIwUvUjthK8" frameborder="0" allowfullscreen></iframe>
Monday, October 17, 2011
Saturday, October 8, 2011
Aung Ye` Htike’s (B Clipz) Interview In MMHLS
MMHLS : ဟုတ်ကဲ့  အကို့ နာမည်နဲ့ မွေးနေ့ ကို ပရိတ်သတ် သိအောင် မိတ်ဆက်ပေးပါအုံးခင်ဗျာ။
AYH: ဟုတ်ကဲ့…..မင်္ဂလာပါခင်ဗျာ။နာမည်ကတော့ အောင်ရဲထိုက်ပါ ။ မွေးနေ့ ကတော့ ၂၃ .၂ .၉၂ ပါ ခင်ဗျာ။
MMHLS : အခုဆိုရင် အကိုရော B-Clipz’ ကိုရော လူငယ်တွေ ပါးစပ်ဖျားမှာ အရမ်းသိလာကြတယ်နာ်။ အဲ့ဒီအပေါ်မှာရော အကိုအနေနဲ့ ကျေနပ်မှုများရှိရဲ့ လား မသိဘူးခင်ဗျာ။
AYH : ကျွန်တော် ကိုရော B-Clipz’ ကိုပါ အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကျေနပ်မှုရှိလားဆိုတော့ ကျွန်တော်တို့ နောက်ထပ် ကြိုးစားဖို့ အတွက်ခွန်အားတွေ ရတာပေါ့ဗျာ။
MMHLS : အခုလို အောင်ရဲထိုက်ဆိုပြီးတော့ ပရိတ်သတ်တွေ လက်ခံလာစေတဲ့ သီချင်းဟာ ဘယ်သီချင်းများဖြစ်မယ်ထင်လဲမသိဘူး အောင်ရဲထိုက်ကရော ဘယ်သီချင်းလို့ ထင်လဲမသိဘူးခင်ဗျာ။
AYH : အောင်ရဲထိုက်လို့ သိတဲ့ပရိတ်သတ်အရေအတွက်ထက် မသိသေးတဲ့ပရိတ်သတ်အရေအတွက်က ပိုများနေမယ်ထင်မိပါတယ်။ဒါပေမယ့် ကျွန်တော် ကို သိတဲ့ ပရိတ်သတ်အနေနဲ့ ဆိုရင်တော့ {ကျွန်တော် စိတ်ထင်ပြောတာပေါ့နော် } ” တမ်းတချိန် ” လို့ ထင်ပါတယ်။ပြီးတော့ ကျွန်တော် လဲအဲ့သီချင်းကိုလေးကို အားရပါတယ်။
MMHLS : အောင်ရဲထိုက်က ဘယ်အချိန်က စပြီးတော့ ဒီ Hip Hop လောကထဲကို ဝင်ရောက်ခဲ့တာလဲမသိဘူးနော်။ ပြီးတော့ B-Clipz’ ကိုရော ဘယ်လို ဖြစ်ပီးတော့ ဝင်ဖြစ်ခဲ့တာလဲမသိဘူးခင်ဗျာ။
AYH : ၂၀၀၈ခုနှစ် မေလ မှာ ကျွန်တော် ပထမဆုံးသီချင်းကို စသွင်းဖြစ်ပါတယ်။ B – Clipz’ ကို ဝင်ခဲ့တာဆိုတာထက် ကျွန်တော် အပါအဝင် ရည်မှန်းချက်ချင်း တူတဲ့သူငယ်ချင်းတွေ စုပြီးဖွဲ့ စည်းခဲ့တာပါ။
MMHLS : ၂၀၀၈ ခုနှစ်က စပြီးတော့ ဝင်ခဲ့တယ်ဆိုတော့ ကြာပြီးပေါ့နော်။ပထမဆုံး သီချင်းစသွင်းတယ်ဆိုတော့ ပထမဆုံးသီချင်းလေးကိုရော မှတ်မိသေးမယ်ဆိုရင် ပြောပြပေးပါအုန်း။
>AYH : ဟုတ်ကဲ့ ကြာပြီခင်ဗျာ….။ ကြာပြီဆိုပေမယ့် မျောနေတဲ့အချိန်တွေက တော်တော် များတယ်ဗျာ……။ တကယ့်တမ်းသေချာလုပ်ဖြစ်တာကတော့ ၂၀၁၀ လောက်မှာ စလုပ်ဖြစ်တာပါ ။ ပထမဆုံး သွင်းဖြစ်ခဲ့တဲ့ သီချင်းကတော့ ” ငါ့အနားနား ” ဆိုတဲ့ အချစ်သီချင်းလေး ၁ပုဒ်ပါ။
MMHLS : B – Clipz’ နဲ့ ပတ်သက်ပြီးတော့ နည်းနည်းမေးမယ်နော်။>AYH : ဟုတ်ကဲ့ မေးပါခင်ဗျာ။
MMHLS : B-Clipz’ အဖွဲ့ မှာရော အကိုတို့ သူငယ်ချင်းတွေ နားလည်မှု မှားတာတွေရောရှိလားမသိဘူး အဲ့တာနဲ့ ပတ်သက်ပြီးတော့ နည်းနည်းရှင်းပြပါအုန်း။
AYH : တစ်မိတည်းမွေးတဲ့ ညီအစ်ကို မောင်နှမတွေတောင် စိတ်အခန့် မသင့်ဖြစ်တတ်သေးတယ်ဆိုတော့ ကျွန်တော် တို့ လည်းတစ်ခါတလေ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တာလေးတွေ ရှိပါတယ် ခင်ဗျာ။ကျွန်တော် လောလောဆယ်မှာတော့ လက်ရှိ B-Clipz’ အတွက်ပဲအာရုံစိုက်နေပါတယ်…။
MMHLS : ကိုအောင်ရဲထိုက် အပေါ်မှာ ဖြေခဲ့တယ်နော် ရည်ရွယ်ချက်ချင်းတူလို့ B-Clipz’ ကို လုပ်ဖြစ်တယ်ပေါ့ ဘယ်လို့ မျိုး ရည်ရွယ်ချက်တွေတူတာလဲမသိဘူး ? ပြီးတော့ ၁ယောက်နဲ့ ၁ယောက် စိတ်သဘောထားမတိုက်ဆိုင်သလို့ ဖြစ်တဲ့အခါမျိုးတွေကြရင် ဘယ်လိုပြန်ပြီးတော့ ဖြေရှင်းကြလဲမသိဘူး Family အသစ်တွေ သိအောင်လို့ ၁ချက်လောက် ရှင်းပြပေးနိုင်မလားမသိဘူး အကိုAYH :ကျွန်တော်တို့ ဖန်တီးလိုက်တဲ့  music ကိုပရိသတ်တွေ လက်ခံနိုင်အောင် ကြိုးစားမယ်ဆိုတဲ့  ရည်ရွယ်ချက်ကြောင့်ပါ။ကျွန်တော်တို့ အားလုံးက ငယ်သူငယ်ချင်းတွေကြီးပါပဲ။ အဲတော့  ၁ယောက်စိတ်ကို၁ယောက်က အတွင်းကျကျသိနေတော့ စိတ်အခန့် မသင့်ဖြစ်ရင်လည်းခဏပါပဲ။….. အချိန်တန်ရင်ပြန်အဆင်ပြေသွားတာပဲ။….ဒါပေမယ့်အတတ်နိုင်ဆုံးတော့ စုစုစည်းစည်းနေပါတယ်။….ကျွန်တော်တို့ လည်း ဘာကောင်မှမဟုတ်သေးပါဘူး။ အဲတော့စည်းစည်းလုံးလုံးရှိဖို့ ကအရေးကြီးတယ်လို့ ထင်ပါတယ်။ ၁ယောက်ရဲ့ အားနည်းချက်ကို ၁ယောက်ကဖြည့်တွေးပေးနိုင်ရင် အကောင်းဆုံး ဖြစ်မှာပါ။ ဟုတ်ကဲ့ …..။
MMHLS : ဒီ B-Clipz’ အဖွဲ့ ကို ဘယ်အချိန်ကစပြီးတော့ လုပ်ဖြစ်တာလဲ ပြီးတော့ Member ဘယ်နှစ်ယောက်လောက်ရှိလဲ၊ ဘယ်လို ပုံစံလေးနဲ့ ဖွဲ့ စည်းထားလဲဆိုတာလေးကို နည်းနည်းလောက်ရှင်းပြပေးပါလား။<
AYH : B-Clipz ကိုစဖွဲ့ ဖြစ်တာကတော့ ၂၀၀၈ ဧပြီလမှာ စဖွဲ့ ဖြစ်ပါတယ်။…စဖွဲ့ တုန်းကတော့ member က ၉ယောက်ရှိပါတယ်ခင်ဗျာ။ ကျွန်တော် ၊ မောင်သီဟ ၊ ထူးပြည့် ၊ ၀ိုင်းချစ် ၊ Little-T ၊ Little-Zoe ၊ Zwint ၊ Taljie ၊ Yung Nick တို့ ပါ။ အခုလက်ရှိတော့ Little-T ၊ မောင်သီဟ ၊ Talje ၊ Yung Nick ၊ ကျွန်တော်ရယ်ပဲကျန်ပါတော့တယ်။ တခြား member တွေကတော့ သင်္ဘောလိုက်ဖို့  နိုင်ငံခြားသွားဖို့  စီစဉ်နေကြတော့ ကျွန်တော်တို့ ပဲ ဆက်လုပ်ဖြစ်တယ်။
MMHLS : အကိုရယ် , Htoo Pyayt ရဲ့ ဆိုထားတဲ့ တမ်းတချိန် သီချင်း Version ၂ခုလုံးကောင်းတယ်လို့ ပြောကြပါတယ် အဲ့သီချင်းလေး ရေးဖြစ်ပုံလေးများရှင်းပြပေးပါ
အုန်း
AYH : အင်း….. အဲ့သီချင်းလေးကို ကျွန်တော် ပထမဆုံး သွင်းဖြစ်တာက ဂစ်တာနဲ့ ပါ။ ဂစ်တာနဲ့ သွင်းထားတဲ့ သီချင်းကို ကိုBay Gyi က နားထောင်ပြီး သေသေချာချာလေးပြန်တီးပေးထားပါတယ်။…….သီချင်းရေးဖြစ်ပုံကတော့ ကျွန်တော့်မှာ ကြိုတွေးတတ်တဲ့ အကျင့်ရှိတယ် ခင်ဗျာ။…ကောင်မလေး၁ယောက်နဲ့ အကြောင်းကို ကြိုတွေးရင်းနဲ့  ခံစားပြီးရေးဖြစ်ခဲ့ တာပါ။ MMHLS : အဲ့တာဆို နောက်သီချင်းလေး ၁ခုအကြောင်းလေး ရှင်းပြပေးနိုင်အုန်းမလားမသိဘူးအကို ။
AYH : ဟုတ်ကဲ့ ခင်ဗျာ…။
MMHLS : မောင်သီဟနဲ့ ဆိုထားတဲ့ မူပိုင်အတ္တ{mu pine at ta} သီချင်းလေးအကြောင်းပါ ။
AYH : အော် အဲဒီသီချင်းလေးက တော်တော်ကြာပါပြီ။ ကျွန်တော်တို့ ရဲ့ ရင်ထဲမှာ ဖြစ်ပေါ်ခဲ့ တဲ့ ခံစားချက်လေးတွေကို သီချင်းအဖြစ်ပြောင်းလဲခဲ့ တဲ့  အချစ်သီချင်းလေး၁ပုဒ်ပါ။
MMHLS : ကိုအောင်ရဲထိုက် အခုလက်ရှိလုပ်နေတဲ့ သီချင်းတွေရော ရှိလားမသိဘူး။
AYH :ဟုတ်ကဲ့  ရှိပါတယ်ခင်ဗျာ ။ B-Clipz Mixtape အတွက်လည်း သီချင်းတွေစုနေပါတယ်။
MMHLS : အဲ့တာဆို အကိုတို့ B-Clipz’ Mixtape’ ကို ပရိတ်သတ် လက်ထဲထည့်ပေးနိုင်တော့မယ်ပေါ့
AYH : ဟုတ်ကဲ့ ကြိုးစားနေပါတယ်ခင်ဗျာ…. ကျွန်တော့်  Solo Mixtape ထွက်ဖို့ အတွက်လည်းပိုက်ဆံစုနေပါတယ် (-_-)။
B-Clipz Mixtape မှာပါမယ့် သီချင်းအများစုက အသစ်တွေကြီးပါပဲ။
MMHLS : ကိုအောင်ရဲထိုက် ကို သတိထားမိတာ ကိုအောင်ရဲထိုက် ၁ယောက်ထဲ သီချင်းဆိုတာ မတွေ့ ဘူးနော် ။
AYH : ဟုတ်ကဲ့  အရင်တုန်းကတော့ ၁ယောက်တည်းမဆိုဖြစ်ခဲ့ ဘူး ၁ယောက်တည်းဆိုရလောက်အောင်လည်း အရည်အချင်းမပြည့်ဝသေးဘူးထင်လို့ ပါ။ အခုနောက်ပိုင်းတော့ Solo တွေလုပ်ထားပါတယ်ခင်ဗျာ။ ကျွန်တော့်  Solo တွေကို နားထောင်ပြီး ဝေဖန်ပေးကြပါဦးလို့  ပရိသတ်ကိုပြောချင်ပါတယ်။
MMHLS : အဲ့လို အရည်အချင်း မပြည့်ဝတဲ့အချိန်က ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျတာရှိမှာပေါ့နော် အားငယ်မှုတွေ စိတ်ဓာတ်ကျတာတွေရောရှိမယ်ထင်ပါ
တယ် အဲ့တာတွေကို ဘယ်လို့ ကျော်ဖြတ်ပြီးတော့ အောင်ရဲထိုက်လို့ ပရိတ်သတ်သိအောင် ကြိုးစားခဲ့တာလေးကို နောက်တက်မယ့် လူငယ်လေးတွေသိအောင် ပြောပြပေးစေချင်ပါတယ်။
B-Clipz Mixtape မှာပါမယ့် သီချင်းအများစုက အသစ်တွေကြီးပါပဲ။
MMHLS : ကိုအောင်ရဲထိုက် ကို သတိထားမိတာ ကိုအောင်ရဲထိုက် ၁ယောက်ထဲ သီချင်းဆိုတာ မတွေ့ ဘူးနော် ။
AYH : ဟုတ်ကဲ့  အရင်တုန်းကတော့ ၁ယောက်တည်းမဆိုဖြစ်ခဲ့ ဘူး ၁ယောက်တည်းဆိုရလောက်အောင်လည်း အရည်အချင်းမပြည့်ဝသေးဘူးထင်လို့ ပါ။ အခုနောက်ပိုင်းတော့ Solo တွေလုပ်ထားပါတယ်ခင်ဗျာ။ ကျွန်တော့်  Solo တွေကို နားထောင်ပြီး ဝေဖန်ပေးကြပါဦးလို့  ပရိသတ်ကိုပြောချင်ပါတယ်။
MMHLS : အဲ့လို အရည်အချင်း မပြည့်ဝတဲ့အချိန်က ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျတာရှိမှာပေါ့နော် အားငယ်မှုတွေ စိတ်ဓာတ်ကျတာတွေရောရှိမယ်ထင်ပါ
AYH : ဟုတ်ကဲ့  ရှိတယ်ခင်ဗျာ အများကြီးပဲ ကိုယ့်ကိုကိုယ်လည်းအားမရဘူး အခုချိန်ထိ ကျွန်တော့် မှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဒါပေမယ့် အဲဒီစိတ်ဓာတ်ကျစရာတွေ အားငယ်မှုတွေကို ခွန်အားအဖြစ်ပြောင်းလဲပြီး ကိုယ်လျှောက်မယ့်လမ်းကို မှန်မှန်လေး ဆက်လျှောက်မယ်ဆိုရင် တနေ့ မှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။
MMHLS : ကိုအောင်ရဲထိုက် မွေးတဲ့ ခုနှစ်က ၁၉၉၂ လို့ ဖြေထားတဲ့နော် .. အဲ့တာဆို ၁၉နှစ် ကျော်လေးပဲရှိသေးတာပေါ့ အခုလို့ သီချင်းတွေလုပ်တာကိုရော တားမြစ်တဲ့သူတွေ မကြိုက်တဲ့သူတွေ အိမ်ကရော တားမြစ်မှုလေးတွေများမရှိဘူးလား အဲ့တာတွေကိုရော ဘယ်လို့ ကျော်ဖြတ်ခဲ့လဲမသိဘူးအကို။
AYH : ဟုတ်ကဲ့  ကျွန်တော့်မှာ အဆင်မပြေမှုတွေ တော်တော်များတယ်ဗျ။ အဓိက ကတော့ ပိုက်ဆံပြသာနာပါပဲ။ ကျွန်တော်သီချင်းလုပ်တာကို မကြိုက်တဲ့ လူလည်းရှိပါတယ် တားမြစ်တဲ့ လူလည်းရှိပါတယ် ဒါပေမယ့် အဲဒါတွေက ကျွန်တော်သီချင်းမဆိုတော့ဘူးလို့  ဆုံးဖြတ်ရလောက်တဲ့ အထိ တွန်းအားမပေးနိုင်သေးပါဘူး။
MMHLS : အဲ့လိုတွေ ဖြစ်လာအောင် စိတ်ဓာတ်တွေမကျအောင် အခုလို ကိုယ်ပိုင် သီချင်းတွေကို ရေးတတ်အောင် Hip Hop လောက ကို အခုလို အရွယ်ငယ်ငယ်နဲ့ ဝင်လာအောင် ပြောပြ သင်ပြ အားပေးတဲ့သူတွေများရှိမယ်ဆိုရင် ပြောပြပေးပါအုန်းအကို။
AYH : ကျွန်တော့်ကို music ကိုစိတ်ဝင်စားလာအောင် လက်တွဲခေါ်ပေးခဲ့တာတော့ ကျွန်တော့်သူငယ်ချင်း မောင်သီဟပါ။ သူကကျွန်တော့် ကို အကူအညီတွေ အများကြီးပေးခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်သီချင်းရေးတတ်အောင် စိတ်ဓာတ်မကျအောင် ပြောပြ သင်ပြ ပေးတာကတော့ စာအုပ်စာပေတွေပါပဲ။
MMHLS : ဒါဆိုရင် ကျွန်တော်တို့ အကို အကြောင်းဘက်ကို ပြန်သွားရအောင်ဗျာ …။
AYH : ဟုတ်ကဲ့………..။
MMHLS : အခု အကိုက Solo တွေ လုပ်နေပြီဆိုတော့ Beatz’ တို့ သီချင်းစာသားတို့ ကို ရော ကိုအောင်ရဲထိုက်ပဲလား။
AYH : ဟုတ်ကဲ့  ကျွန်တော်ဆိုတဲ့ သီချင်းတွေအားလုံးကို ကျွန်တော်ကိုယ်တိုင်ရေးပါတယ်ခင်ဗျာ။ တီးလုံးတီးပေးတာကျတော့ ကိုBay Gyi ရယ် ၊ MC Nay တို့ က တီးပေးကြပါတယ်။
MMHLS : အခုဆိုရင် Hip Hop နဲ့ ပတ်သက်ရင် အဆိုတော်တွေလဲ အများကြီးဖြစ်နေပြီး ဟစ်ဟော့ဆိုတာကိုလဲ လူငယ်လူကြီး တွေကရော လက်ခံခဲ့ကြပြီ.. အဲ့လို ဖြစ်လားတွေကိုရော အကို အနေနဲ့ ရော ဘယ်လို့ စိတ်မျိုးတွေ ဖြစ်လဲဆိုတာတွေကို ပြောပြပေးပါအုန်း။
AYH : ဟုတ် Hip Hop music ကို လူကြီးတွေကပါ လက်ခံလာတဲ့ အတွက် ၀မ်းသာပါတယ်။ ကျန်တာတော့ ကျွန်တော်လည်း သိပ်မပြောတတ်ဘူး ခင်ဗျာ။
MMHLS : အဲ့လိုတွေ အဆိုတော်တွေ များလားသလို ဒီ ၂၀၁၁ လောက်မှာ Copy သီချင်းတွေ လုပ်တာများတာတွေရော တွေ့ မိပါတယ် ကိုအောင်ရဲထိုက်ရော Copy သီချင်းတွေ ဆိုခဲ့ဖူးလား ဆိုဖို့ ရော ရည်ရွယ်ချက်များရှိခဲ့ဖူးလားမသိ
ဘူး။
AYH : copy ပဲဖြစ်ဖြစ် own Tune ပဲဖြစ်ဖြစ် သူ့ ဟာနဲ့ သူအရေးကြီးပါတယ် ။ ကျွန်တော့် အမြင်ကိုပြောတာပေါ့နော် copy ဆိုပေမယ့်လည်း သီချင်းကောင်းရင် ပရိသတ်က လက်ခံမှာပါ။ ကျွန်တော် copy သီချင်းတွေတော့ မဆိုခဲ့ ဖူးပါဘူးခင်ဗျာ။ copy လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တော့မရှိပါဘူး ၊ ကျွန်တော်ကြိုက်မယ့်ပုံစံ ပရိသတ်ကြိုက်မယ့်ပုံစံ ဆိုရင်တော့ နည်းနည်း မှီငြမ်းတာလေးတော့ ရှိမှာပါ။
MMHLS : ကိုအောင်ရဲထိုက် လုပ်ခဲ့တဲ့သီချင်း အခုထိ ဘယ်လောက်ရှိပြီးထင်လဲ ။
AYH : ဟုတ် နည်းပါသေးတယ်အစ်ကို အပုဒ် ၂၀ ကျော် ၃၀နီးပါးလောက် ရှိမယ်ခင်ဗျာ။
MMHLS : အဲ့သီချင်းတွေထဲက ကိုအောင်ရဲထိုက်အားရလောက်တဲ့သီ
ချင်းတွေရော ဘယ်နှစ်ပုဒ်လောက်ရှိမယ်ထင်လဲမသိဘူးး။
AYH : ကျွန်တော်ပါဝင်သီဆိုရတဲ့ သီချင်းတိုင်းကို အကောင်းဆုံးဖြစ်အောင် သီဆိုထားတဲ့ အတွက် သီချင်းတိုင်းကိုတော့ ကြိုက်ပါတယ်။
MMHLS : ကိုအောင်ရဲထိုက် လေးစားအတုယူရတဲ့ ပြည်တွင်းပြည်ပ အဆိုတော်တွေများရှိရင် ပြောပြပေးပါအုန်း။
AYH : ပြည်တွင်းမှာတော့ ကိုရန်ရန်ချမ်း ၊ ကိုစိုင်းစိုင်းခမ်းလှိုင် ပြည်ပမှာတော့ တော်တော်များများကြိုက်ပါတယ်။
MMHLS : ကိုအောင်ရဲထိုက် ကို ဆက်သွယ်ချင်တဲ့ ပရိတ်သတ်တွေအတွက် ဘယ်လိုဆက်သွယ်ရင် အဆင်ပြေနိုင်မလဲဆိုတာ နဲ့ FB Or Gtalk Acc ပြောပြပေးပါအုန်း။
AYH : Gtalk – tayalay7@gmail.com ပါ Facebook မှာ ကတော့ Aung Ye Hterik ဆိုပြီး ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
MMHLS : ကိုအောင်ရဲထိုက်လို လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော် တို့ MMHLS{Myanmar Hip Hop Love Songs } နဲ့ တခြား အွန်လိုင်း သီချင်းဆိုဒ်တွေကိုရော ဒီက ကိုအောင်ရဲထိုက်ရဲ့ အမြင်လေးကို ဝေဖန်ပေးပါအုန်း။
AYH : MMHLS နဲ့  တခြား အွန်လိုင်းသီချင်းဆိုဒ်တွေ ရှိနေတာ အရမ်းကောင်းပါတယ။် ကျွန်တော်တို့ လို ချာတိတ်တွေရဲ့  သီချင်းတွေကို အလုပ်ရှုပ်ခံ စိတ်ရှုပ်ခံပြီး ဒိုင်ခံ ဆိုဒ်ပေါ်တင်ပေးနေတဲ့  MMHLS က admin တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အတွက် တန်ဖိုးရှိတဲ့  producer ကြီးတွေပေါ့ဗျာ။ ကျွန်တော့် လို ချာတိတ် ကို အချိန်ကုန်ခံပြီး interview တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။MMHLS က admin တွေ အားလုံးကျန်းမာကြပါစေလို့ ကျွန်တော်ဆုတောင်းလိုက်ပါတယ်။MMHLS ဆိုဒ် အခုထပ်ပိုပြီးအောင်မြင်ပါစေဗျာ……………MMHLS : ဟုတ်ကဲ့ အခုလိုဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်။ ကိုအောင်ရဲထိုက်လဲ လိုချင်တဲ့ပန်းတိုင် ကို အမြန်ရောက်ပါစေလို့ ပြန်ဆုတောင်းပေးလိုက်ပါတယ်။
Tuesday, October 4, 2011
မြန်မာ အာဆီယံ ဥက္ကဋ္ဌတာဝန်ပေးရေး မသေချာသေး
၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို တာဝန်ပေးဖို့ မသေချာသေးဘူးလို့ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ပြောလိုက်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Netalegawa နဲ့ အဖွဲ့ဟာ ဒီလ နောက်ဆုံးပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး အာဆီယံ ဥက္ကဋ္ဌတာဝန်ယူဖို့ အဆင့်သင့်ဖြစ် မဖြစ် အကဲခတ်လေ့လာမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနက VOA ကို အတည်ပြုပြောဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘန်ကောက်ကနေ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။
မြန်မာအစိုးရက နိုင်ငံရေးအပြောင်းအလဲတွေ လုပ်နေတာဟာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေး ဦးတည်ချက်နဲ့ လုပ်နေတာလို့ ဝေဖန်သူတွေက သုံးသပ်နေကြသလို တချို့နိုင်ငံရေးအကဲခတ်တွေကလည်း အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရေးက ဆုံးဖြတ်ပြီးသား၊ သေချာပြီးသား ဖြစ်နေတဲ့အတွက် တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီရေး ပြုပြင်ရေးလမ်းကြောင်းကို ကြိုးစားလျှောက်လှမ်းနေတာပါလို့ ပြောဆိုနေတဲ့ အသံတွေ အခုတလော ကြားနေရပါတယ်။ မနက်ဖြန် မြန်မာပြည်ကို ချစ်ကြည်ရေး မိတ်ဆက်ခရီးသွားမယ့် ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ကလည်း အိမ်ရှင်သမ္မတ ဦးသိန်းစိန်ကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရေး ထိုင်းနိုင်ငံအနေနဲ့ ထောက်ခံတယ်ဆိုတာကို ပြောဆိုမယ်လို့ ခရီးမထွက်ခင်ကတည်းက ကြိုပြီးပြောထားပါတယ်။
ဒါကြောင့်မို့လို့ တကယ်ပဲ မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးရေး နောက်ကွယ်ကနေ လျှို့ဝှက်စွာ ဆုံးဖြတ်ထားပြီးသား ပါလား လို့ မေးကြည့်ရာမှာတော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Michael Tene မိုက်ကယ်လ် တီနေးက အခုလို ဖြေပါတယ်။
အာဆီယံအသင်းဝင် တနိုင်ငံချင်းစီအနေနဲ့ မြန်မာနိုင်ငံအပေါ် သီးခြား သဘောထား အမြင်တွေ ရှိကြမှာပါတဲ့။ ဒါပေမဲ့ သူသိထားသလောက်ကတော့ အာဆီယံအသင်းဝင်နိုင်ငံတွေ အားလုံး စုစည်းပြီးတော့ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ပေးရေး ဆုံးဖြတ်ချက် မချရသေးပါဘူးတဲ့။ အာဆီယံအသင်းကနေ ထုတ်ပြန်တဲ့ ကြေညာချက်တွေ၊ စာတမ်းတွေအားလုံးကို သေသေချာချာ ကြည့်ရှု လေ့လာလို့ ရပါတယ်လို့ ဖြေဆိုသွားတာပါ။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Netalegawa မာတီနာတာလီ ဂါဝါက အာဆီယံဥက္ကဋ္ဌရဲ့ တာဝန်တရပ်အနေနဲ့ မြန်မာနိုင်ငံကို အကဲခတ် လေ့လာရေးခရီးထွက်ဖို့ အောက်တိုဘာလ စတုတ္ထပတ်မှာ သွားရောက်မှာ ဖြစ်တယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ် မိုက်ကယ်လ် တီးနီးက အခုလို အတည်ပြု ပြောဆိုလိုက်ပါတယ်။
ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်တခုကတော့ မြန်မာအစိုးရက အာဆီယံဥက္ကဋ္ဌတာဝန်ယူရေး ပန်ကြားထားတဲ့နေရာမှာ ဒေသတွင်း ဥက္ကဋ္ဌဆိုတဲ့ တာဝန်ကို ယူနိုင်ဖို့ ဘယ်လောက်ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီလဲ ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလေ့လာဖို့ ဖြစ်ပါတယ်တဲ့။ တကယ်တော့ မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ၂၀၁၆ ခုနှစ်မှာမှ အလှည့်ကျတာဖြစ်ပေမဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူလိုတယ်လို့ မေတ္တာရပ်ခံခဲ့တာပါလို့ ပြောဆိုသွားတာပါ။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီ ဂါဝါ ကုလသမဂ္ဂအထွေထွေညီလာခံကြီးကို ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက တက်ရောက်ခဲ့တုန်းက မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် လူုထုအခြေပြု အဖွဲ့အစည်းတွေရဲ့အသံ၊ ဆန္ဒသဘောထားတွေကိုလည်း နားထောင်ဖို့ လိုတယ်လို့ ပြောဆိုခဲ့တဲ့အတွက် ဒီခရီးစဉ်အတွင်း အဲဒီပုဂ္ဂိုလ်တွေနဲ့ တွေ့ဖို့ အစီအစဉ် ရှိမရှိကိုတော့ မစ္စတာ မိုက်ကယ်လ်တီးနီးက အခုလို ဖြေဆိုသွားပါတယ်။
သက်ဆိုင်သူတွေနဲ့ မြန်မာလူမှုအသိုင်းအ၀ိုင်းရဲ့ အမြင်တွေကိုလည်း အင်ဒိုနီးရှားကိုယ်စားလှယ် အဖွဲ့အနေနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်တဲ့။ အစီအစဉ် အသေးစိတ်ကတော့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်လို့ ပြောဆိုသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံရေး နှိပ်ကွပ်မှုတွေကြောင့် နိုင်ငံတကာက ဝေဖန်နေကြတဲ့ အတွက် မြန်မာနိုင်ငံသာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူခဲ့မယ်ဆိုရင် အာဆီယံအသင်းကြီးအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးနယ်ပယ်မှာ ထိခိုက်လာနိုင်သလို အာဆီယံအတွက်လည်း မျက်နှာပျက်စရာဖြစ်မယ်လို့ လူ့အခွင့်အရေးအဖွဲ့ အတော်များများကတော့ ဝေဖန်နေကြတာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးကို ရှေ့ရှုတဲ့ အပြောင်းအလဲတွေ တကယ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံအနေနဲ့ အရင်ဖိအားပေးဖို့ လိုတယ်လို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ဆော်သြနေတာ ဖြစ်ပါတယ်။

Friday, September 16, 2011
First Sample Album (Flame Family)
Artist : Arkar , Thuyrain , Wai Yan
Motto : Our flame will never extinguish & be alive with music
1 နင်မရှိတဲ့နေ့ (Three flames)
2 ဘ၀နဲ့ထပ်တူ (Arkar )
3 နင်မေ့မလား (Thuyrain)
4 အမုန်းကျိန်စာ (Wai yan )
5 တစ်ယောက်သောသူ (Three Flames)
6 အချစ်နဲ့  ဘ၀ ( Thuyrain)
7 လွမ်းတယ် (Arkar)
8 သုံးပွင့်ဆိုင် (Wai Yan)
9 မင်းအနားမှာရှိမယ်ဆိုရင် (Three flames )
10 Birthday Present (Wai Yan)
11 နှလုံးသားနဲ့ကြည့်ပါ (Thuyrain)
12 ချစ်နေခွင့် ( Arkar)
13 Wanna go away from you (Arkar:feat , Thuyrain, Wai Yan)
File Size - 39 MB
The Whole Album Download >>>>>Mediafire

နံပါတ်၁ဦးစားပေး-GateWay
Title: နံပါတ်(၁) ဦးစားပေး
Artist: Gateway ၊ သားကြီး ၊ Kutti ၊ MHL ၊ ရဲလေး ၊ မိစန္ဒီ ၊ သိန်းလင်းစိုး
Genre: R&B
Release Date: 2011-06-25
01 လိမ္မာအောင်နေပါတော့ - Gate Way
02 ရွက်လွှင့်တော့မယ် - Gate Way
03 မကျီစားနဲ့ - Tharr Gyi
04 ငါနဲ့အတူ - Gate Way
05 မမျှော်လင့်ဘဲ - Gate Way
06 ဒါပေမယ့်..မင်းကိုငါလွမ်းတယ်(But I Miss You) - Kutti
07 ကျိန်စာသင့် - Gate Way
08 နောက်ဆုံးတောင်းပန်ခြင်း - MHL
09 အခွင့်အရေးမဲ့သော...ချစ်ခြင်းတစ်ခု - Ye' Lay
10 ငါတို့အားလပ်ရက် - Gate Way Feat Mi Sandi
11 ရင်ခွင်ဟောင်းဆီသို့ - Gate Way
12 ရင်ကိုလှုပ်ခတ်သွားခဲ့သူ - Thein Lin Soe
01 လိမ္မာအောင်နေပါတော့ - Gate Way Direct Download Mediafire Up4vn Dopeshare
02 ရွက်လွှင့်တော့မယ် - Gate Way Direct Download Mediafire Up4vn Dopeshare
03 မကျီစားနဲ့ - Tharr Gyi Direct Download
04 ငါနဲ့အတူ - Gate Way Direct Download
05 မမျှော်လင့်ဘဲ - Gate Way Direct Download
06 ဒါပေမယ့်..မင်းကိုငါလွမ်းတယ်(But I Miss You) - Kutti Direct Download Mediafire Up4vn
07 ကျိန်စာသင့် - Gate Way Direct Download Mediafire
08 နောက်ဆုံးတောင်းပန်ခြင်း - MHL Direct Download Mediafire
09 အခွင့်အရေးမဲ့သော...ချစ်ခြင်းတစ်ခု - Ye' Lay Direct Download Mediafire
10 ငါတို့အားလပ်ရက် - Gate Way Feat Mi Sandi Direct Download Mediafire
11 ရင်ခွင်ဟောင်းဆီသို့ - Gate Way Direct Download Mediafire Up4vn
12 ရင်ကိုလှုပ်ခတ်သွားခဲ့သူ - Thein Lin Soe Direct Download Mediafire
The Whole Album Download >>>>>> Mediafire

Thursday, September 8, 2011
God (G Family) Lyrics
ရိုက်ကာချိုး..ကာရံတွေမိုက်တာမို့..မင်းမယုံရင်လိုက်သာပို့..မင်းမြင်ရင်ခိုက်မှာမို့..
ကြိုက်မှာမို့..မင်းရွေးစမ်း..မင်းရိုင်းရဲလား..ဆွဲထုတ်ပလိုက်မယ် ၀ိုင်းထဲက ..
မင်းခြေရာတွေကိုတိုင်းရဲလား...ငါမေးတာမင်းရဲ့အပိုင်းထဲမှာ..
မင်းအထူအပါးနားလည်ထားတော့..မင်းလူပါးမ၀နဲ့သွားတော့..
One Way တွေလာတော့ ပါးစပ်က ရွဲ့လို့သွား...Hip 2 ကိုတွေ့တော့ ခေါင်းတွေ
လှည့်လို့ထား...Snare လည်းမြင်ရော..မျက်နှာလေး က မဲ့ကာ သွား..ဒါဆို G Fam
ကို ခေါင်းထဲထည့်လို့ထား...
အဆိုးလားအကောင်းလားပြောပါ.3rd Generation နောက်မျောပါ...သီချင်းဆက်တိုက်
နားထောင်ရင်း ဟစ်ဟော့ က ပေးတဲ့ အရသာ...သိရှိခဲ့လို့ကူညီဆက်တိုက် လေးစားကြည်လိုမြဲ
ချာတိတ်တောင်ပြောင်းလဲလာပီ..ခုတော့..အရေးအသား ဒီလိုပဲ..Generation လည်းပြောင်းရော..
G Family အားလုံးပေါင်းရော..ခြေရာတွေတိုင်းလို့နှိုင်းလို့ဝိုင်းလို့သီချင်းနဲ့လာကာ Foul ရော...
(G Family..ဖနောင့်နဲ့ပေါက်ပီ...)
ခေါင်းကိုငုံ့ထားမမော့နဲ့..ချာတိတ် မင်းရဲ့ရှေ့မှာရောက်ပြီ...
a..ok .. G ဆိုတာ ဂျောကယ် မဟုတ်ဘူး.. GodFather ..ငါတို့ကိုစော်ကားတာ ၀ လို့
မင်းပျော်သွားလား..မင်းကိုလျှော်ထားတာ မကြိုက်လို့..၀ိုင်းပီးလှော်ရမလား..မင်းကိုမင်းသိတယ်..
မင်းနောက်ကလူတွေရဲ့အကျော်ဇယားများ...အံကြိတ်ကာရုန်း..အသံတိတ်ပါဦး..လူတိုင်းရဲ့မြန်တဲ့စိတ်က
အဆုံးသတ်မှာမို့..မင်းခေါင်းကိုမော့ဦး..မကြောက်နဲ့..ကန်တော့..လမ်းမှာဥာဏ်မရှိ မင်းကိုခေါ်စားရပြန်ပီ...
အရှေ့ကိုကျော်သွားလားပြန်ကြည့်..အဲ့ဒါ God Father Family ...
G Family ကိုမှတ်မိလား..မင်းကြိုက်ခဲ့ဘူးရင်အရှက်ရှိပါ..ကောင်းကင်ကို လက်နဲ့တက်ထိမလား..** တို့ပြောသလို
ရပ်ကြည့်သွား..G Fam တွေလာပီ..တချက်သတိထား...အာရုံနောက်ရင်သတ်မိမှာ..မြန်မာတွေချည်းပဲ ကပ္ပလီ မပါ...
flow တွေစပ်ကြည့် နတ္ထိသွား..ငါဘ၀ ငါဂီတ..ငါအသံနဲ့ထပ်တူ ငါရဲ့ဘ၀..မင်းကိုပစ်..မင်းကိုသတ်မယ်..G Fam တွေလာပီ
ထွက်ခဲ့..မင်း Fight ရဲလား..မင်းတိုက်ရဲလား..လမ်းဘေး က Rapper Micလည်းမပါ..မင်းဆိုဒ်နဲ့ကွာ ငိုက်လိုက်တာ..ပျင်းစရာကောင်းတယ်
လိုက်ခဲ့ကွာ...။
တကယ်ဆိုအဖြစ်အပျက်ကြားထဲက..အဆိပ်တတ်နေတဲ့သားကောင်လို..တခါတခါ ပြန်ရောင်ကာ ကြားယောင်လို့..
ငါနားထဲက ပွင့်ထွက်လာတဲ့အသံတွေက ခဏခဏ..နားမလည်တော့ဘူး...
ဒီထက်ပိုပီးတော့ မိုက်စရာမရှိ..ပေးချင်လည်းပေး လိုက်တာ ဘယ်သူမှမသိလည်း...
နေ့စဉ်နှင့်အမျှဖြစ်ပျက်နေတဲ့လောကကြီးကို..ဘယ်လိုမှမယုံနိုင်ကြီးပဲ
ဒီဇိုင်းတွေဂိုဏ်းတွေနောက်မှခွဲလေ...လက်ရှိအဖြစ်အပျက်ထဲက လွတ်အောင်ထွက်လေ..တားဆီးတွေများကြီးပဲ ကြမ်းတမ်းပစေ
ထိုးဖောက်မယ်..နောက်မဆုတ်တမ်း...ပီးတော့လည်း ငါတို့ရဲ့များလိုက်တဲ့ပြသနာ..မိုးလင်းမိုးချုပ် ပီးသွားလိုက်မယ် ခက်လား...
ငါမှာ ဆက်ရန်မရှိ..လမ်းမှန်မသိလို့..မေးကြည့်လိုက်တော့ ငါတို့၂ယောက်က ပြသနာ..
မင်းတို့ကြောင့် ဟစ်ဟော့ ရေစုန်မျောမှာ ငါရင်လေးတယ်..ဘယ်လောက်တောင်သိနေလဲ ညီလေး .. ငါအရင်မေးမယ်
NWA နားထောင်တုန်းက ဘယ်နေရာရောက်နေလဲ..99 ရက်ပါ ကြားထဲ ခြေရာပျောက်နေဆဲ..ငြင်းမရနေရာရောက်ခဲ့ S** Foul
တွေထုပီးတော့ သေမှာ ကြောက်မနေနဲ့..သေနတ်တော့ မရှိဘူး..၀ပ်စင်ပိတ်နဲ့သေချာစောင့်နေမယ်...အာရုံတော့လာမနောက်နဲ့
မျောလွင့်လို့ရောက်နေခဲ့..စိတ်လွတ်ကိုလွတ်သံစဉ်ကြားမှာမြောက်နေမယ်... >

Wednesday, September 7, 2011
ဒီတစ်ခါတော့ B Clipz အဖွဲ့မှာ ပါတယ့် အောင်ရဲထိုက် ရဲ့သီချင်းတွေကို Collection လုပ်ပေးလိုက်ပါတယ်….
သီချင်းကတော့ စုစုပေါင်း 25 ပုဒ် ပါ
သီချင်းကတော့ စုစုပေါင်း 25 ပုဒ် ပါ
- December Night(Little T,Aung Ye` Htike)
- February Dream(Mg Thiha,Little T,Lil Zoe,Aung Ye Htike,Michi ko,Shan Shan) [Download]
- Jux 1 Day(Aung Ye` Htike,Little T,Mg Thiha)(B Clipz) [Download]
- အဆုံးသက်မရှိ(MC Nay,Aung Ye` Htike,Htoo Pyae) [Download]
- အကောာင်းအဆိုးPart-2(B Clipz) [Download]
- အကောင်းအဆိုးPart-1(MG Thiha,Aung Ye` Htike,Little T)
- အလန်းဇယား-B Clipz [Download]
- BCZ(B Clipz)
- GameOver(B Clipz)
- Hello Everybody(B Clipz)
- Little World Ring Tone
- Little World Part-2(Aung Ye` Htike,Little T,Htoo Pyae,Mc Bathaw)
- Low (B Clipz)
- မူပိုင်တဲ့အတ္တ(Aung Ye` Htike,Mg Thiha)
- လူပါးတွေဝ(B Clipz)
- My Turn(B Clipz)
- ငါတို့မတွေ့တော့ဘူး(Aung Ye` Htike,Bay Gyi)
- Star Diary(Aung Ye` Htike,Little T, Mg Thiha)
- Take Mg Last Breath(Mg Thiha,Yums Nick,Mg Thiha,Htoo Pyae,Little Zoe,Aung Ye` Htike)
- တမ်းတချိန်(Hollow Version)(Aung Ye` Htike,Htoo Pyae)
- တမ်းတချိန်(Aung Ye` Htike,Htoo Pyae)
- The Warning(B Clipz)
- Warning You(B Clipz)
- Whe Chu Go Mix(Mg Thiha,Aung Ye` Htike Remix By Little T)
- YGN Style(B Clipz)
ဘ၀တစ်ခုကို တူးဆွကြည့်ခြင်း
ဘ၀ရဲ့ အစနဲ့အဆုံးကြား
နှုတ်ဆက်ခြင်းဆိုတာ
ခွဲခွာခြင်းလား
တွေ့ဆုံခြင်းလား ......
ဘောင်ခတ်ထားတဲ့
စည်းမျဉ်းတွေကြားမှာ
ငိုသံတွေကရော
လူ့ဘ၀ရဲ့
စတင်ခြင်းလား
အဆုံးသတ်ခြင်းလား .....
တစ်ကယ်ဆိုရင်
အတောင်ပံခတ်သံကြားတိုင်း
လွတ်လပ်မှုမရှိပါ
ရောင်ပြန်ဟပ်မှုတိုင်းလဲ
မေတ္တာတရားမဟုတ် ....
လေပြည်ရဲ့ဟားတိုက်သံကြားက
မိုးမှုန်စက်တွေတိုင်းလည်း
ဝမ်းနည်းခြင်းသာ
ဖြစ်မည်ဆိုရင်
ရွက်ကြွေထဲ နင်းဖြတ်တဲ့
ခြေသံတွေဟာ
နာကျင်ညဉ်းတွားမှုလား
ရူးသွပ်သူတွေရဲ့
လွတ်လပ်မှုတိုင်းကို
အကျဉ်းသားတွေရဲ့
လွတ်မြောက်ရက်နဲ့
နှိုင်းယှဉ်ကြည့်ရင်
ငါဟာလည်း xxxxxxxxxxxx
နှုတ်ဆက်ခြင်းဆိုတာ
ခွဲခွာခြင်းလား
တွေ့ဆုံခြင်းလား ......
ဘောင်ခတ်ထားတဲ့
စည်းမျဉ်းတွေကြားမှာ
ငိုသံတွေကရော
လူ့ဘ၀ရဲ့
စတင်ခြင်းလား
အဆုံးသတ်ခြင်းလား .....
တစ်ကယ်ဆိုရင်
အတောင်ပံခတ်သံကြားတိုင်း
လွတ်လပ်မှုမရှိပါ
ရောင်ပြန်ဟပ်မှုတိုင်းလဲ
မေတ္တာတရားမဟုတ် ....
လေပြည်ရဲ့ဟားတိုက်သံကြားက
မိုးမှုန်စက်တွေတိုင်းလည်း
ဝမ်းနည်းခြင်းသာ
ဖြစ်မည်ဆိုရင်
ရွက်ကြွေထဲ နင်းဖြတ်တဲ့
ခြေသံတွေဟာ
နာကျင်ညဉ်းတွားမှုလား
ရူးသွပ်သူတွေရဲ့
လွတ်လပ်မှုတိုင်းကို
အကျဉ်းသားတွေရဲ့
လွတ်မြောက်ရက်နဲ့
နှိုင်းယှဉ်ကြည့်ရင်
ငါဟာလည်း xxxxxxxxxxxx
Subscribe to:
Posts (Atom)