Saturday, October 8, 2011
Aung Ye` Htike’s (B Clipz) Interview In MMHLS
MMHLS : ဟုတ်ကဲ့  အကို့ နာမည်နဲ့ မွေးနေ့ ကို ပရိတ်သတ် သိအောင် မိတ်ဆက်ပေးပါအုံးခင်ဗျာ။
AYH: ဟုတ်ကဲ့…..မင်္ဂလာပါခင်ဗျာ။နာမည်ကတော့ အောင်ရဲထိုက်ပါ ။ မွေးနေ့ ကတော့ ၂၃ .၂ .၉၂ ပါ ခင်ဗျာ။
MMHLS : အခုဆိုရင် အကိုရော B-Clipz’ ကိုရော လူငယ်တွေ ပါးစပ်ဖျားမှာ အရမ်းသိလာကြတယ်နာ်။ အဲ့ဒီအပေါ်မှာရော အကိုအနေနဲ့ ကျေနပ်မှုများရှိရဲ့ လား မသိဘူးခင်ဗျာ။
AYH :  ကျွန်တော် ကိုရော B-Clipz’ ကိုပါ အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကျေနပ်မှုရှိလားဆိုတော့ ကျွန်တော်တို့ နောက်ထပ် ကြိုးစားဖို့ အတွက်ခွန်အားတွေ ရတာပေါ့ဗျာ။
MMHLS : အခုလို အောင်ရဲထိုက်ဆိုပြီးတော့ ပရိတ်သတ်တွေ လက်ခံလာစေတဲ့ သီချင်းဟာ ဘယ်သီချင်းများဖြစ်မယ်ထင်လဲမသိဘူး အောင်ရဲထိုက်ကရော ဘယ်သီချင်းလို့ ထင်လဲမသိဘူးခင်ဗျာ။
AYH : အောင်ရဲထိုက်လို့ သိတဲ့ပရိတ်သတ်အရေအတွက်ထက် မသိသေးတဲ့ပရိတ်သတ်အရေအတွက်က ပိုများနေမယ်ထင်မိပါတယ်။ဒါပေမယ့် ကျွန်တော် ကို သိတဲ့ ပရိတ်သတ်အနေနဲ့ ဆိုရင်တော့  {ကျွန်တော် စိတ်ထင်ပြောတာပေါ့နော် } ” တမ်းတချိန် ” လို့ ထင်ပါတယ်။ပြီးတော့ ကျွန်တော် လဲအဲ့သီချင်းကိုလေးကို  အားရပါတယ်။
MMHLS : အောင်ရဲထိုက်က ဘယ်အချိန်က စပြီးတော့ ဒီ Hip Hop လောကထဲကို ဝင်ရောက်ခဲ့တာလဲမသိဘူးနော်။ ပြီးတော့ B-Clipz’ ကိုရော ဘယ်လို ဖြစ်ပီးတော့ ဝင်ဖြစ်ခဲ့တာလဲမသိဘူးခင်ဗျာ။
MMHLS :  ၂၀၀၈ ခုနှစ်က စပြီးတော့ ဝင်ခဲ့တယ်ဆိုတော့ ကြာပြီးပေါ့နော်။ပထမဆုံး သီချင်းစသွင်းတယ်ဆိုတော့ ပထမဆုံးသီချင်းလေးကိုရော မှတ်မိသေးမယ်ဆိုရင် ပြောပြပေးပါအုန်း။
>AYH : ဟုတ်ကဲ့  ကြာပြီခင်ဗျာ….။ ကြာပြီဆိုပေမယ့် မျောနေတဲ့အချိန်တွေက တော်တော် များတယ်ဗျာ……။ တကယ့်တမ်းသေချာလုပ်ဖြစ်တာကတော့ ၂၀၁၀ လောက်မှာ စလုပ်ဖြစ်တာပါ ။ ပထမဆုံး သွင်းဖြစ်ခဲ့တဲ့ သီချင်းကတော့ ” ငါ့အနားနား ” ဆိုတဲ့  အချစ်သီချင်းလေး ၁ပုဒ်ပါ။
MMHLS : B – Clipz’ နဲ့ ပတ်သက်ပြီးတော့ နည်းနည်းမေးမယ်နော်။
>AYH : ဟုတ်ကဲ့ မေးပါခင်ဗျာ။
AYH : တစ်မိတည်းမွေးတဲ့ ညီအစ်ကို မောင်နှမတွေတောင် စိတ်အခန့် မသင့်ဖြစ်တတ်သေးတယ်ဆိုတော့ ကျွန်တော် တို့ လည်းတစ်ခါတလေ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တာလေးတွေ ရှိပါတယ် ခင်ဗျာ။ကျွန်တော် လောလောဆယ်မှာတော့ လက်ရှိ B-Clipz’ အတွက်ပဲအာရုံစိုက်နေပါတယ်…။
MMHLS : ကိုအောင်ရဲထိုက် အပေါ်မှာ ဖြေခဲ့တယ်နော် ရည်ရွယ်ချက်ချင်းတူလို့ B-Clipz’ ကို လုပ်ဖြစ်တယ်ပေါ့ ဘယ်လို့ မျိုး ရည်ရွယ်ချက်တွေတူတာလဲမသိဘူး ? ပြီးတော့ ၁ယောက်နဲ့ ၁ယောက် စိတ်သဘောထားမတိုက်ဆိုင်သလို့ ဖြစ်တဲ့အခါမျိုးတွေကြရင် ဘယ်လိုပြန်ပြီးတော့ ဖြေရှင်းကြလဲမသိဘူး Family အသစ်တွေ သိအောင်လို့ ၁ချက်လောက် ရှင်းပြပေးနိုင်မလားမသိဘူး အကို
MMHLS : ဒီ B-Clipz’ အဖွဲ့ ကို ဘယ်အချိန်ကစပြီးတော့ လုပ်ဖြစ်တာလဲ ပြီးတော့ Member ဘယ်နှစ်ယောက်လောက်ရှိလဲ၊ ဘယ်လို ပုံစံလေးနဲ့ ဖွဲ့ စည်းထားလဲဆိုတာလေးကို နည်းနည်းလောက်ရှင်းပြပေးပါလား။<
AYH : B-Clipz ကိုစဖွဲ့ ဖြစ်တာကတော့ ၂၀၀၈ ဧပြီလမှာ စဖွဲ့ ဖြစ်ပါတယ်။…စဖွဲ့ တုန်းကတော့  member က ၉ယောက်ရှိပါတယ်ခင်ဗျာ။  ကျွန်တော် ၊ မောင်သီဟ ၊ ထူးပြည့် ၊ ၀ိုင်းချစ် ၊ Little-T ၊ Little-Zoe ၊ Zwint ၊ Taljie ၊ Yung Nick တို့ ပါ။  အခုလက်ရှိတော့ Little-T ၊ မောင်သီဟ ၊ Talje ၊ Yung Nick ၊ ကျွန်တော်ရယ်ပဲကျန်ပါတော့တယ်။ တခြား member တွေကတော့ သင်္ဘောလိုက်ဖို့  နိုင်ငံခြားသွားဖို့   စီစဉ်နေကြတော့ ကျွန်တော်တို့ ပဲ ဆက်လုပ်ဖြစ်တယ်။
MMHLS : အကိုရယ် , Htoo Pyayt ရဲ့ ဆိုထားတဲ့ တမ်းတချိန် သီချင်း Version ၂ခုလုံးကောင်းတယ်လို့ ပြောကြပါတယ် အဲ့သီချင်းလေး ရေးဖြစ်ပုံလေးများရှင်းပြပေးပါ
အုန်း
AYH : အင်း….. အဲ့သီချင်းလေးကို ကျွန်တော် ပထမဆုံး သွင်းဖြစ်တာက  ဂစ်တာနဲ့ ပါ။  ဂစ်တာနဲ့ သွင်းထားတဲ့ သီချင်းကို  ကိုBay Gyi က နားထောင်ပြီး  သေသေချာချာလေးပြန်တီးပေးထားပါတယ်။…….သီချင်းရေးဖြစ်ပုံကတော့  ကျွန်တော့်မှာ  ကြိုတွေးတတ်တဲ့ အကျင့်ရှိတယ် ခင်ဗျာ။…ကောင်မလေး၁ယောက်နဲ့ အကြောင်းကို ကြိုတွေးရင်းနဲ့  ခံစားပြီးရေးဖြစ်ခဲ့ တာပါ။  
MMHLS : အဲ့တာဆို နောက်သီချင်းလေး ၁ခုအကြောင်းလေး ရှင်းပြပေးနိုင်အုန်းမလားမသိဘူးအကို ။
AYH : ဟုတ်ကဲ့ ခင်ဗျာ…။
MMHLS : မောင်သီဟနဲ့ ဆိုထားတဲ့ မူပိုင်အတ္တ{mu pine at ta} သီချင်းလေးအကြောင်းပါ ။
AYH : အော် အဲဒီသီချင်းလေးက တော်တော်ကြာပါပြီ။ ကျွန်တော်တို့ ရဲ့ ရင်ထဲမှာ ဖြစ်ပေါ်ခဲ့ တဲ့ ခံစားချက်လေးတွေကို  သီချင်းအဖြစ်ပြောင်းလဲခဲ့ တဲ့  အချစ်သီချင်းလေး၁ပုဒ်ပါ။ 
MMHLS : ကိုအောင်ရဲထိုက် အခုလက်ရှိလုပ်နေတဲ့ သီချင်းတွေရော ရှိလားမသိဘူး။ 
AYH :ဟုတ်ကဲ့   ရှိပါတယ်ခင်ဗျာ ။  B-Clipz Mixtape အတွက်လည်း သီချင်းတွေစုနေပါတယ်။
MMHLS : အဲ့တာဆို အကိုတို့ B-Clipz’ Mixtape’ ကို ပရိတ်သတ် လက်ထဲထည့်ပေးနိုင်တော့မယ်ပေါ့
>နာ် ။ သီချင်းတွေက ရော အသစ်တွေပဲလား ။
AYH : ဟုတ်ကဲ့ ကြိုးစားနေပါတယ်ခင်ဗျာ…. ကျွန်တော့်  Solo Mixtape ထွက်ဖို့ အတွက်လည်းပိုက်ဆံစုနေပါတယ် (-_-)။
B-Clipz Mixtape မှာပါမယ့် သီချင်းအများစုက အသစ်တွေကြီးပါပဲ။
MMHLS : ကိုအောင်ရဲထိုက် ကို သတိထားမိတာ ကိုအောင်ရဲထိုက် ၁ယောက်ထဲ သီချင်းဆိုတာ မတွေ့ ဘူးနော် ။
AYH : ဟုတ်ကဲ့  အရင်တုန်းကတော့ ၁ယောက်တည်းမဆိုဖြစ်ခဲ့ ဘူး   ၁ယောက်တည်းဆိုရလောက်အောင်လည်း အရည်အချင်းမပြည့်ဝသေးဘူးထင်လို့ ပါ။  အခုနောက်ပိုင်းတော့  Solo တွေလုပ်ထားပါတယ်ခင်ဗျာ။  ကျွန်တော့်  Solo တွေကို နားထောင်ပြီး ဝေဖန်ပေးကြပါဦးလို့  ပရိသတ်ကိုပြောချင်ပါတယ်။
MMHLS : အဲ့လို အရည်အချင်း မပြည့်ဝတဲ့အချိန်က ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျတာရှိမှာပေါ့နော် အားငယ်မှုတွေ စိတ်ဓာတ်ကျတာတွေရောရှိမယ်ထင်ပါ
တယ် အဲ့တာတွေကို ဘယ်လို့ ကျော်ဖြတ်ပြီးတော့ အောင်ရဲထိုက်လို့ ပရိတ်သတ်သိအောင် ကြိုးစားခဲ့တာလေးကို နောက်တက်မယ့် လူငယ်လေးတွေသိအောင် ပြောပြပေးစေချင်ပါတယ်။
AYH : ဟုတ်ကဲ့  ရှိတယ်ခင်ဗျာ အများကြီးပဲ  ကိုယ့်ကိုကိုယ်လည်းအားမရဘူး  အခုချိန်ထိ ကျွန်တော့် မှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဒါပေမယ့် အဲဒီစိတ်ဓာတ်ကျစရာတွေ အားငယ်မှုတွေကို ခွန်အားအဖြစ်ပြောင်းလဲပြီး ကိုယ်လျှောက်မယ့်လမ်းကို မှန်မှန်လေး  ဆက်လျှောက်မယ်ဆိုရင် တနေ့ မှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။
MMHLS : ကိုအောင်ရဲထိုက် မွေးတဲ့ ခုနှစ်က ၁၉၉၂ လို့ ဖြေထားတဲ့နော် .. အဲ့တာဆို ၁၉နှစ် ကျော်လေးပဲရှိသေးတာပေါ့ အခုလို့ သီချင်းတွေလုပ်တာကိုရော တားမြစ်တဲ့သူတွေ မကြိုက်တဲ့သူတွေ အိမ်ကရော တားမြစ်မှုလေးတွေများမရှိဘူးလား အဲ့တာတွေကိုရော ဘယ်လို့ ကျော်ဖြတ်ခဲ့လဲမသိဘူးအကို။
AYH : ဟုတ်ကဲ့   ကျွန်တော့်မှာ အဆင်မပြေမှုတွေ တော်တော်များတယ်ဗျ။  အဓိက ကတော့ ပိုက်ဆံပြသာနာပါပဲ။  ကျွန်တော်သီချင်းလုပ်တာကို မကြိုက်တဲ့ လူလည်းရှိပါတယ်  တားမြစ်တဲ့ လူလည်းရှိပါတယ် ဒါပေမယ့် အဲဒါတွေက ကျွန်တော်သီချင်းမဆိုတော့ဘူးလို့   ဆုံးဖြတ်ရလောက်တဲ့ အထိ တွန်းအားမပေးနိုင်သေးပါဘူး။
MMHLS : အဲ့လိုတွေ ဖြစ်လာအောင် စိတ်ဓာတ်တွေမကျအောင် အခုလို ကိုယ်ပိုင် သီချင်းတွေကို ရေးတတ်အောင် Hip Hop လောက ကို အခုလို အရွယ်ငယ်ငယ်နဲ့ ဝင်လာအောင် ပြောပြ သင်ပြ အားပေးတဲ့သူတွေများရှိမယ်ဆိုရင် ပြောပြပေးပါအုန်းအကို။
AYH : ကျွန်တော့်ကို music ကိုစိတ်ဝင်စားလာအောင်  လက်တွဲခေါ်ပေးခဲ့တာတော့  ကျွန်တော့်သူငယ်ချင်း မောင်သီဟပါ။ သူကကျွန်တော့် ကို အကူအညီတွေ အများကြီးပေးခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်သီချင်းရေးတတ်အောင် စိတ်ဓာတ်မကျအောင်  ပြောပြ သင်ပြ ပေးတာကတော့  စာအုပ်စာပေတွေပါပဲ။ 
MMHLS : ဒါဆိုရင် ကျွန်တော်တို့ အကို အကြောင်းဘက်ကို ပြန်သွားရအောင်ဗျာ …။
AYH : ဟုတ်ကဲ့………..။
MMHLS : အခု အကိုက Solo တွေ လုပ်နေပြီဆိုတော့ Beatz’ တို့ သီချင်းစာသားတို့ ကို ရော ကိုအောင်ရဲထိုက်ပဲလား။
AYH : ဟုတ်ကဲ့   ကျွန်တော်ဆိုတဲ့ သီချင်းတွေအားလုံးကို ကျွန်တော်ကိုယ်တိုင်ရေးပါတယ်ခင်ဗျာ။   တီးလုံးတီးပေးတာကျတော့   ကိုBay Gyi ရယ် ၊ MC Nay တို့ က တီးပေးကြပါတယ်။
MMHLS : အခုဆိုရင် Hip Hop နဲ့ ပတ်သက်ရင် အဆိုတော်တွေလဲ အများကြီးဖြစ်နေပြီး ဟစ်ဟော့ဆိုတာကိုလဲ လူငယ်လူကြီး တွေကရော လက်ခံခဲ့ကြပြီ.. အဲ့လို ဖြစ်လားတွေကိုရော အကို အနေနဲ့ ရော ဘယ်လို့ စိတ်မျိုးတွေ ဖြစ်လဲဆိုတာတွေကို ပြောပြပေးပါအုန်း။
AYH : ဟုတ်   Hip Hop music ကို လူကြီးတွေကပါ လက်ခံလာတဲ့ အတွက်  ၀မ်းသာပါတယ်။ ကျန်တာတော့ ကျွန်တော်လည်း သိပ်မပြောတတ်ဘူး ခင်ဗျာ။ 
MMHLS : အဲ့လိုတွေ အဆိုတော်တွေ များလားသလို ဒီ ၂၀၁၁ လောက်မှာ Copy သီချင်းတွေ လုပ်တာများတာတွေရော တွေ့ မိပါတယ် ကိုအောင်ရဲထိုက်ရော Copy သီချင်းတွေ ဆိုခဲ့ဖူးလား ဆိုဖို့ ရော ရည်ရွယ်ချက်များရှိခဲ့ဖူးလားမသိ
ဘူး။
AYH : copy ပဲဖြစ်ဖြစ် own Tune ပဲဖြစ်ဖြစ် သူ့ ဟာနဲ့ သူအရေးကြီးပါတယ် ။ ကျွန်တော့် အမြင်ကိုပြောတာပေါ့နော်  copy ဆိုပေမယ့်လည်း  သီချင်းကောင်းရင် ပရိသတ်က လက်ခံမှာပါ။  ကျွန်တော်  copy သီချင်းတွေတော့ မဆိုခဲ့ ဖူးပါဘူးခင်ဗျာ။  copy လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တော့မရှိပါဘူး ၊ ကျွန်တော်ကြိုက်မယ့်ပုံစံ   ပရိသတ်ကြိုက်မယ့်ပုံစံ ဆိုရင်တော့ နည်းနည်း မှီငြမ်းတာလေးတော့ ရှိမှာပါ။
MMHLS : ကိုအောင်ရဲထိုက် လုပ်ခဲ့တဲ့သီချင်း အခုထိ ဘယ်လောက်ရှိပြီးထင်လဲ ။
AYH : ဟုတ်  နည်းပါသေးတယ်အစ်ကို   အပုဒ် ၂၀ ကျော် ၃၀နီးပါးလောက် ရှိမယ်ခင်ဗျာ။ 
MMHLS :  အဲ့သီချင်းတွေထဲက ကိုအောင်ရဲထိုက်အားရလောက်တဲ့သီ
ချင်းတွေရော ဘယ်နှစ်ပုဒ်လောက်ရှိမယ်ထင်လဲမသိဘူးး။
AYH : ကျွန်တော်ပါဝင်သီဆိုရတဲ့ သီချင်းတိုင်းကို အကောင်းဆုံးဖြစ်အောင် သီဆိုထားတဲ့ အတွက် သီချင်းတိုင်းကိုတော့ ကြိုက်ပါတယ်။
MMHLS : ကိုအောင်ရဲထိုက် လေးစားအတုယူရတဲ့ ပြည်တွင်းပြည်ပ အဆိုတော်တွေများရှိရင် ပြောပြပေးပါအုန်း။
AYH : ပြည်တွင်းမှာတော့ ကိုရန်ရန်ချမ်း ၊ ကိုစိုင်းစိုင်းခမ်းလှိုင်  ပြည်ပမှာတော့ တော်တော်များများကြိုက်ပါတယ်။
MMHLS : ကိုအောင်ရဲထိုက် ကို ဆက်သွယ်ချင်တဲ့ ပရိတ်သတ်တွေအတွက် ဘယ်လိုဆက်သွယ်ရင် အဆင်ပြေနိုင်မလဲဆိုတာ နဲ့ FB Or Gtalk Acc ပြောပြပေးပါအုန်း။
AYH : Gtalk – tayalay7@gmail.com ပါ Facebook မှာ ကတော့ Aung Ye Hterik ဆိုပြီး ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
MMHLS : ကိုအောင်ရဲထိုက်လို လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော် တို့ MMHLS{Myanmar Hip Hop Love Songs } နဲ့ တခြား အွန်လိုင်း သီချင်းဆိုဒ်တွေကိုရော ဒီက ကိုအောင်ရဲထိုက်ရဲ့ အမြင်လေးကို ဝေဖန်ပေးပါအုန်း။
AYH : MMHLS နဲ့  တခြား  အွန်လိုင်းသီချင်းဆိုဒ်တွေ ရှိနေတာ အရမ်းကောင်းပါတယ။်  ကျွန်တော်တို့ လို ချာတိတ်တွေရဲ့  သီချင်းတွေကို  အလုပ်ရှုပ်ခံ  စိတ်ရှုပ်ခံပြီး  ဒိုင်ခံ ဆိုဒ်ပေါ်တင်ပေးနေတဲ့  MMHLS က admin တွေကိုလည်း ကျေးဇူးတင်ပါတယ်။  ကျွန်တော်တို့ အတွက်  တန်ဖိုးရှိတဲ့  producer ကြီးတွေပေါ့ဗျာ။ ကျွန်တော့် လို ချာတိတ် ကို အချိန်ကုန်ခံပြီး interview တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။MMHLS က admin တွေ အားလုံးကျန်းမာကြပါစေလို့ ကျွန်တော်ဆုတောင်းလိုက်ပါတယ်။MMHLS ဆိုဒ် အခုထပ်ပိုပြီးအောင်မြင်ပါစေဗျာ……………
MMHLS : ဟုတ်ကဲ့ အခုလိုဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်။ ကိုအောင်ရဲထိုက်လဲ လိုချင်တဲ့ပန်းတိုင် ကို အမြန်ရောက်ပါစေလို့ ပြန်ဆုတောင်းပေးလိုက်ပါတယ်။
No comments:
Post a Comment