Saturday, August 27, 2011

S Pass လျှောက်တော့မယ်ဆိုရင်...

အလယ်အလတ်တန်းစား ကျွမ်းကျင် အလုပ်သမားများ (Mid-level skilled workers) အတွက် သတ်မှတ်ထားသော S pass နဲ့ ပက်သက်ပြီး Approve ဖြစ်ဖို့ လိုအပ်တဲ့ အချက်အလက်လေးတွေ လက်လှမ်းမှီသလောက် ပြောပြချင်ပါတယ်။

အခုလက်ရှိ အခြေနေမှာ S pass Application တစ်ခုကို Approval ပေးဖို့  အတွက် MOM က POINT System ကို အသုံးပြုနေပါတယ်..

POINTဆိုတဲ့နေရာမှာ အလုပ်ရှင် နှင့် အလုပ်သမား နှစ်ဖက်စလုံးရဲ့  အခြေနေတွေကို သုံးသပ်ပြီး Point တွေပေးသွားပါတယ်၊ နောက်ဆုံးမှာ ရရှိလာတဲ့ စုစုပေါင်း ပေါ်မှုတည်ပြီး S pass အတွက် သတ်မှတ်ထားသော စံချိန်စံညွှန်း နဲ့  ပြည်မှီမှသာလျှင် Approval ပေးတာပါ။

POINT System ကို သေးစိတ်ပြောဖို့ ရန် ခက်ခဲကျယ်ပြန့် လွန်းပါတယ်၊ ယေဘုယျ အားဖြင့်ဆိုရင်တော့ ...

 

အလုပ်လျှောက်သူ အပေါ်

၁) လစာ ( အနည်းဆုံး 1,800S$)
၂) ဘွဲ့  / ဒီပလိုမာ ( Technical Certificate ကိုလည်း စဉ်းစားပေးပါတယ်)
၃) အလုပ်အမျိုးအစား
၎) သက်ဆိုင်သော လုပ်ငန်းအတွေအကြုံ

အလုပ်ရှင် အပေါ်

၁) quota ( 25% of total local work force )
၂) levy for foreigner workers (အလုပ်ရှင်က နိုင်ငံခြားသား အလုပ်သမားများအတွက် အစိုးရအပေါ် လစဉ်ပေးဆောင်ရတဲ့ ငွေကြေးပါ)
၃) နိုင်ငံသား အလုပ်သမားများ အတွက် CPF မှန်မှန်ကန်ကန် ပေးသွင်းမှု
၎) ကုမ္ပဏီငွေကြေးရှင်းတမ်း
၅) လုပ်ငန်းလည်ပတ်မှု အခြေနေ

MOM က အထက်ပါ အချက်အလက်များ နှင့် အခြားသော အချက်များကို အခြေတည်ပြီး S pass Approval ပေးသင့်/မပေးသင့် အဓိက စဉ်းစားဆုံးဖြတ်ပါတယ်။

*************************************************

S pass မလျှောက်ခင် Reject ထိနိုင်မယ့် အချက်လေးတွေကို သတိရှိဖို့  ထုတ်နူတ်ပြချင်ပါသေးတယ်...

ယခင်က S pass Apply လုပ်ထားခဲ့ဖူးသူဆိုရင်

၁) ပညာရေး အသေးစိပ် အချက်လက်တွေ အကုန်တူနေရပါမယ်
၂) လုပ်ငန်းအတွေ အကြုံတွေ အရင်ဖြည့်ခဲ့တဲ့ အတိုင်း မှန်ကန်နေရပါမယ်
- တစ်ခါလျှောက်ရင် လုပ်ငန်း အတွေ့ ကြုံ ရာထူးတစ်ခု နောက်တစ်ခါ လျှောက်ရင် နောက်တစ်မျိုး မဖြစ်နေရပါဘူး
၃) မိမိလျှောက်တဲ့ Position ကိုလဲ သတိထားရပါမယ်
- လျှောက်ထားတဲ့ Position က အရမ်းနိမ့်နေလို့  လစာ 1,800$ နဲ့  မတန်ဘူးထင်ရင်လဲ မရပြန်ပါဘူး

ယခုမှ အသစ်လျှောက်သူများ အတွက်ဆိုရင်

Form တွေကို ဖြည့်စွက်ရာမှာ မှန်မှန်ကန်ကန် ရေရှည် အတွက် စဉ်းစားပြီးဖြည့်စွက်သင့်ပါတယ်
အခုလိုဖြည့်စွက်ထားတဲ့ အတွက် Reject ဖြစ်ခဲ့ရင်တောင် စိတ်ပူစရာမရှိပါဘူး နောက်တစ်ခါ နောက်ထပ် ကုမ္ပဏီနဲ့  ထပ်လျှောက်မယ်ဆိုရင် ကိုယ့်ဘက်မှာ အားနည်းချက်
ရှိနေသည့်တိုင် အလုပ်ရှင်က Strong ဖြစ်ရင် Approve ပြန်ဖြစ်နိုင်ပါတယ်။

S pass Reject ဖြစ်နိုင်တဲ့ အခြေနေတွေကိုလဲ သိပြီးပြီ S pass ကိုလည်း လျှောက်တော့မယ်ဆိုရင် လိုအပ်တဲ့စာရွက်စာတမ်းများကို ပြင်ဆင်ရပါလိမ့်မယ်

၁) Highest education certificate ( Myanmar version and Notary version )
၂) Other Certificate (မိမိလျှောက်မယ့် အလုပ်နဲ့ ပက်သက်သော Certifiacte ရှိနေရင်ထည့်ပေးပါ)
၃) အိမ်ထောင်ရှိသူဆိုရင်တော့ ကိုယ့်အိမ်ထောင်ဖက်ရဲ့  ပညာရေးစာရွက် စာတမ်းတွေပါ ဖြည့်စွက်ရပါတယ်
၎) Passport သက်တမ်း အနည်းဆုံး (၇)လ ရှိနေရပါမယ်
၅) လုပ်ငန်း အတွေ့ ကြုံနဲ့ ပက်သက်ပြီး အသေးစိတ်ကို ပြင်ဆင်ထားရပါမယ်

နောက်ဆုံးသတင်းအရ ICA မှာ Student Pass လျှောက်ထားဖူးတဲ့သူဆိုရင် S pass တင်ရာမှာ MOM က ICA နဲ့ လဲပြန်လည်စစ်ဆေးတယ်လို့ သိရပါတယ်။

လျှောက်သူတိုင်းလဲ Approve ဖြစ်ကြပါစေ..


မြတ်မင်း (MC Myat Min)


ဤမျှသာ... အခမဲ့ ဆိုတဲ့ အရာရာတိုင်းမှာ ခန့် မှန်းလို့ မရနိုင်တဲ့ တန်းဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

No comments:

Post a Comment