Showing posts with label Knowledge (ဗဟုသုတ). Show all posts
Showing posts with label Knowledge (ဗဟုသုတ). Show all posts

Wednesday, September 7, 2011

ဘ၀တစ်ခုကို တူးဆွကြည့်ခြင်း

ဘ၀ရဲ့ အစနဲ့အဆုံးကြား
နှုတ်ဆက်ခြင်းဆိုတာ
ခွဲခွာခြင်းလား
တွေ့ဆုံခြင်းလား ......

ဘောင်ခတ်ထားတဲ့
စည်းမျဉ်းတွေကြားမှာ
ငိုသံတွေကရော
လူ့ဘ၀ရဲ့
စတင်ခြင်းလား
အဆုံးသတ်ခြင်းလား .....

တစ်ကယ်ဆိုရင်
အတောင်ပံခတ်သံကြားတိုင်း
လွတ်လပ်မှုမရှိပါ
ရောင်ပြန်ဟပ်မှုတိုင်းလဲ
မေတ္တာတရားမဟုတ် ....

လေပြည်ရဲ့ဟားတိုက်သံကြားက
မိုးမှုန်စက်တွေတိုင်းလည်း
ဝမ်းနည်းခြင်းသာ
ဖြစ်မည်ဆိုရင်
ရွက်ကြွေထဲ နင်းဖြတ်တဲ့
ခြေသံတွေဟာ
နာကျင်ညဉ်းတွားမှုလား

ရူးသွပ်သူတွေရဲ့
လွတ်လပ်မှုတိုင်းကို
အကျဉ်းသားတွေရဲ့
လွတ်မြောက်ရက်နဲ့
နှိုင်းယှဉ်ကြည့်ရင်
ငါဟာလည်း xxxxxxxxxxxx

old house